ရောမ 16:19 - Common Language Bible19 သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။- အခန်းကိုကြည့်ပါ။Garrad Bible19 သင် တို့ နား ထောင် မှု သ တင်း သည် သူ ခပ် သိမ်း တို့ ထံ ကြေ ငြာ သည် ဖြစ်၍ သင် တို့ အ တွက် ငါ ဝမ်း မြောက် ရာ တွင် အ ကောင်း၌ လိ မ္မာ၍ အ ဆိုး၌ မ လိ မ္မာ သူ များ ဖြစ် စေ လို၏။ အခန်းကိုကြည့်ပါ။Judson Bible19 သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှာလည်းကောင်း၊ ဆိုးသောအမှု၌ကား၊ အပြစ်ကင်းစေခြင်းငှာလည်းကောင်း ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဘုရားသခင်ကို သင်တို့နာခံကြောင်း လူတိုင်းသိကြသဖြင့် ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့သည် ကောင်းမှုနှင့်ပတ်သက်လျှင် ပညာသတိရှိ၍ မကောင်းမှုနှင့်ပတ်သက်လျှင် အပြစ်ကင်းကြရန် ကျွန်ုပ်အလိုရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-