ဟေရှာယ 28:29 - Common Language Bible29 သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible29 ဤ အ တတ် မျိုး သည် အံ့ ဖွယ် ရာ အ ကြံ တော်၊ လွန် ကဲ ရာ ပ ညာ တော် နှင့် ပြည့် စုံ သော ဗိုလ် ခြေ တို့ အ ရှင် ထာဝ ရ ဘု ရား ထံ မှ ဖြစ် လာ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဖွယ်ဖြစ်၏။ ဉာဏ်တော်သည်လည်း ထူးဆန်းပေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထိုအမှုအရာသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်မှလာသော အမှုအရာဖြစ်၏။ ကိုယ်တော်၏အကြံဉာဏ်သည် အံ့ဖွယ်ဖြစ်၏။ ကိုယ်တော်၏ဉာဏ်ပညာသည် ကြီးမြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။