အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
၄ ရာ 8:18 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။ Common Language Bible သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။- Garrad Bible အာ ဟပ် မင်း သ မီး တော် နှင့် ထိမ်း မြား သ ဖြင့် ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။ Judson Bible အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ |
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖျက်ဆီးပစ်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ အစ္စရေးဘုရင်အာဟပ်မင်းကြီးပြုသကဲ့သို့ပင် ဗာလယဇ်ပလ္လင်များကိုတည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
အာခဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား အစ္စရေးဘုရင်ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။
သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
ယောရှဖတ်မင်းကြီးသည် ဓနဥစ္စာ၊ ဘုန်းအသရေတိုးပွားလျက်ရှိ၏။ အာဟပ်မင်းမျိုးနှင့်လည်း စုံဖက်ဆွေမျိုးစပ်၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”