သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
၄ ရာ 8:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လူသည် ဟာဇေလအနေရခက်သည်အထိ သူ့မျက်နှာကိုစူးစိုက်ကြည့်ပြီးလျှင် မျက်ရည်ကျလေ၏။ Common Language Bible ထိုနောက်ဧလိရှဲသည်ဟာဇေလအားအနေ ခက်စေသည့်တိုင်အောင် ထိတ်လန့်သည့်အမူ အရာဖြင့်စိုက်၍ကြည့်ပြီးလျှင်ငိုလေ၏။- Garrad Bible ဟာ ဇေ လ မျက် နှာ ပျက် သည့် တိုင် အောင် စိန်း စိန်း ကြည့်၍ ဘု ရား သ ခင့် လူ ယုံ တော် ငို ကြွေး လေ ၏။ Judson Bible စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။ |
သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
သို့သော် သူတို့က ဧလိရှဲစိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်အောင် တောင်းဆိုကြသဖြင့် ဧလိရှဲက “သွားရှာစေ”ဟု ဆို၏။ သူတို့သည်လည်း လူအယောက်ငါးဆယ်ကိုစေလွှတ်၍ သုံးရက်တိုင်တိုင်ရှာဖွေစေသော်လည်း ဧလိယကို မတွေ့ပေ။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
အလျင်အမြန်လာ၍ ငါတို့ကို မြည်တမ်းပြကြပါစေ။ သို့မှ ငါတို့ငိုကြွေး၍ မျက်ရည်ဖြိုင်ဖြိုင်ကျမည်။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ငါသည် အလွန်စိတ်နှိမ့်ချခြင်း၊ မျက်ရည်ကျခြင်းနှင့် ဂျူးလူမျိုးတို့၏လျှို့ဝှက်ကြံစည်မှုကြောင့်ကျရောက်သော စုံစမ်းနှောင့်ယှက်ခြင်းတို့ကြားမှ သခင်ဘုရားကို အစေခံခဲ့၏။
ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။
အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။