သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
၄ ရာ 8:10 - မြန်မာ့စံမီသမ္မာကျမ်း ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင် Common Language Bible ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။- Garrad Bible ဧ လိ ရှဲ က၊ ဘု ရင် မင်း သည် ထ မြောက် ဦး မည် ဟူ၍ ပြန် လျှောက် လေ လော့။ သို့ သော် လည်း၊ မု ချ ကွယ် လွန် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ပြီ ဟု ဆို လျက်၊ Judson Bible ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊ |
သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲ နေရမည်လော”ဟု မေးလျှင် သူက “စစ်ချီတော်မူပါ။ အောင်မြင်မှုရလိမ့်မည်။ ထာဝရဘုရားသည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပြန်လျှောက်၏။
ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ သူ့အား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွားလေ၏။
ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။
တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ နွေရာသီသီးနှံထည့်ထားသောတောင်းတစ်လုံးကို ငါမြင်၏။
ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍