တောင်ကုန်းပေါ်သို့ရောက်သောအခါ ဂေဟာဇိက ငယ်သားတို့ထံမှပစ္စည်းတို့ကိုယူပြီး အိမ်ထဲတွင်သိမ်းထားကာ သူတို့ကို ပြန်လွှတ်လိုက်သဖြင့် သူတို့လည်း ပြန်သွားကြ၏။
၄ ရာ 7:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် တပ်စခန်းအစွန်နားသို့ရောက်လာသော အနာကြီးရောဂါစွဲနေသောလူတို့က တဲတစ်ခုအတွင်းသို့ဝင်၍ စားသောက်ပြီးလျှင် ထိုတဲမှ ရွှေငွေ၊ အဝတ်အထည်တို့ကိုယူပြီး သွားဝှက်ထားကြ၏။ ထို့နောက် ပြန်လာပြီး အခြားတဲတစ်ခုအတွင်းသို့ဝင်ကာ ပစ္စည်းများကိုယူပြီး သွားဝှက်ထားကြပြန်၏။ Common Language Bible ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။- Garrad Bible လူ နူ တို့ သည် တပ် ဦး သို့ ရောက် သော အ ခါ တဲ တစ် ဆောင် သို့ ဝင် ရောက် စား သောက်၍ ရွှေ၊ ငွေ၊ အ ထည် အ လိပ် များ ကို သယ် ယူ ဝှက် ထား ပြီး မှ တစ် ဆောင် သို့ ကူး ဝင် လျက် သယ် ယူ ဝှက် ထား ကြ ပြီး သော်၊ Judson Bible လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတစ်ခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေ အဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တစ်ဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ |
တောင်ကုန်းပေါ်သို့ရောက်သောအခါ ဂေဟာဇိက ငယ်သားတို့ထံမှပစ္စည်းတို့ကိုယူပြီး အိမ်ထဲတွင်သိမ်းထားကာ သူတို့ကို ပြန်လွှတ်လိုက်သဖြင့် သူတို့လည်း ပြန်သွားကြ၏။
သို့သော် သူတို့က “ငါတို့ ဤသို့ မပြုသင့်။ ဤနေ့၌ သတင်းကောင်းရှိနေလျက်ပင် ငါတို့မပြောဘဲ နံနက်မိုးလင်းချိန်အထိစောင့်၍ တိတ်ဆိတ်နေမည်ဆိုလျှင် ငါတို့အပြစ် ဖြစ်တော့မည်။ ထို့ကြောင့် ယခု ငါတို့ ဘုရင့်နန်းတော်သို့သွား၍ ဤအကြောင်းကို သွားပြောကြစို့”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
သင်၏ကြိုးတို့သည် လျော့၍ ရွက်တိုင်ကို မြဲမြံစွာမဆွဲထားနိုင်၊ ရွက်ကိုလည်း မဖြန့်နိုင်။ ထိုအခါ သင်တိုက်ခိုက်လုယူထားသည့် ဥစ္စာပစ္စည်းများစွာတို့ကို ခွဲဝေယူကြလိမ့်မည်။ ခြေမသန်သူတို့ပင် တိုက်ရာပါပစ္စည်းကို သိမ်းယူနိုင်ကြလိမ့်မည်။
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။
ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။
တစ်တာလန်ရသောသူမူကား သွား၍ မြေ၌တွင်းတူးကာ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။