၄ ရာ 5:24 - မြန်မာ့စံမီသမ္မာကျမ်း24 တောင်ကုန်းပေါ်သို့ရောက်သောအခါ ဂေဟာဇိက ငယ်သားတို့ထံမှပစ္စည်းတို့ကိုယူပြီး အိမ်ထဲတွင်သိမ်းထားကာ သူတို့ကို ပြန်လွှတ်လိုက်သဖြင့် သူတို့လည်း ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ဂေ ဟာ ဇိ ရှေ့ သွား ရ ကြ၏။ ကုန်း သို့ ရောက် သော အ ခါ ဝ တ္ထု ကို လက် ခံ၍ လိုက် ပို့ သူ တို့ ကို ပြန် လွှတ် လျက် အိမ် အ တွင်း သို ထား ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible24 မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိသည်ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။