၄ ရာ 7:9 - မြန်မာ့စံမီသမ္မာကျမ်း
9 သို့သော် သူတို့က “ငါတို့ ဤသို့ မပြုသင့်။ ဤနေ့၌ သတင်းကောင်းရှိနေလျက်ပင် ငါတို့မပြောဘဲ နံနက်မိုးလင်းချိန်အထိစောင့်၍ တိတ်ဆိတ်နေမည်ဆိုလျှင် ငါတို့အပြစ် ဖြစ်တော့မည်။ ထို့ကြောင့် ယခု ငါတို့ ဘုရင့်နန်းတော်သို့သွား၍ ဤအကြောင်းကို သွားပြောကြစို့”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
အခန်းကိုကြည့်ပါ။ ကော်ပီ
9 သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ငါ တို့ ပြု သော အ မှု ကား၊ မ ကောင်း လေ စွ။ ယ နေ့ သည် မင်္ဂ လာ နေ့ ဖြစ် လျက်၊ ဆိတ် ဆိတ် နေ ကြ ပြီ တ ကား။ မိုး သောက် တိုင် အောင် ဖင့် နွှဲ လျှင် ငါ တို့ အ ပေါ်၌ ပြစ် ဒဏ် သင့် မည်။ နန်း တော် သား တို့ အား ကြား ပြော ရန် အ သော့ သွား ကြ ကုန် အံ့ ဟု အ ချင်း ချင်း တိုင် ပင် လျက်
အခန်းကိုကြည့်ပါ။ ကော်ပီ
9 သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစ်စုံတစ်ခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သတင်းကြားပြောအံ့သောငှာ ငါတို့သည်သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊
အခန်းကိုကြည့်ပါ။ ကော်ပီ