၄ ရာ 6:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။ Common Language Bible သူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။ Garrad Bible ရှေ့ တော် ပြေး ရောက် လာ၍ ထာ ဝ ရ ဘု ရား ကို ငါ စောင့် မြင် လျှင် မူ ကား အ ဘယ် အ ကျိုး နည်း ဟူ၍ အ မိန့် တော် ပြန် သော်၊ Judson Bible အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန်သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မျှော်လင့်ရသေးသနည်းဟုဆိုသော်၊ |
အစ္စရေးဘုရင်က “အလို၊ ထာဝရဘုရားသည် ဤဘုရင်သုံးပါးကို မောဘဘုရင်လက်သို့အပ်ဖို့ ခေါ်ဆောင်လာပါသည်တကား”ဟု ဆိုလေ၏။
ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
ယခု လက်တော်ကိုဆန့်၍ သူ၌ရှိသမျှကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော့်ကို မျက်ဝါးထင်ထင်ကျိန်ဆဲပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
လက်တော်ကိုဆန့်၍ သူ၏အရိုးအသားတို့ကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော်ကို မျက်ဝါးထင်ထင် ကျိန်ဆဲမည်မှာ မလွဲပါ”ဟု ပြန်လျှောက်၏။
ထိုအခါ သူ၏ဇနီးက သူ့အား “ယခုချိန်ထိ ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားဦးမည်လော။ ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါလော့”ဟု ဆို၏။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
အကြောင်းမူကား ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မျှော်သောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ အကြောင်းမူကား ငါ၏မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံမှလာ၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
‘ဖိနပ်မပါဘဲမသွားနှင့်၊ အာခေါင်မခြောက်စေနှင့်’ဟု သတိပေးသော်လည်း သင်က ‘မမျှော်လင့်နှင့်။ သူစိမ်းကို ငါတကယ်ချစ်မိပြီဖြစ်၍ သူတို့နောက်သို့လိုက်တော့မည်’ဟု ဆို၏။
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဤသည်ကား စာတန်သည် ငါတို့အပေါ်အမြတ်မထုတ်စေရန်အတွက်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သူ၏တွေးတောကြံစည်မှုများကို မသိသည်မဟုတ်။
ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။