သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။
၄ ရာ 5:5 - မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ်၊ ရွှေရှယ်ကယ်ခြောက်ထောင်နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။ Common Language Bible မင်းကြီးက``ဣသရေလဘုရင်ထံသို့သွား၍ဤ စာကိုပေးလော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍နေမန် သည်ငွေသားသုံးသောင်း၊ ရွှေသားခြောက်ထောင်နှင့် ဝတ်စားတန်ဆာဆယ်စုံကိုယူ၍ထွက်ခွာသွား လေသည်။- Garrad Bible ရှု ရိ ဘု ရင် က သွား လော့။ ဣ သ ရေ လ ဘု ရင့် ထံ အ မှာ တော် စာ ပေး လိုက် မည် ဟု အ မိန့် ရှိ သည့် အ တိုင်း နေ မန် သည် ငွေ ချိန် ခွက် သုံး ရာ၊ ရွှေ ဒ င်္ဂါး ခြောက် ထောင်၊ အ ဝတ် ဆယ် စုံ များ ကို ယူ ဆောင် ထွက် သွား၏။ Judson Bible ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊ |
သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။
လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “ငါနှင့်အတူ နန်းတော်သို့လိုက်ခဲ့၍ စားသောက်ပါလော့။ သင့်အား လက်ဆောင်လည်း ပေးလိုပါသည်”ဟု မိန့်ဆို၏။
ထိုအခါ အစ္စရေးဘုရင်က မိမိအမှုထမ်းတို့အား “ရာမုတ်ဂိလဒ်မြို့သည် ငါတို့အပိုင်ဖြစ်ကြောင်းကို သင်တို့သိလျက်နှင့် ဆီးရီးယားဘုရင်လက်မှ ပြန်မသိမ်းယူဘဲ အဘယ်ကြောင့် ငြိမ်နေကြသနည်း”ဟု မိန့်ဆို၏။
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
နေမန်သည် အစ္စရေးဘုရင်ထံ စာကိုယူသွားပေး၏။ စာထဲတွင် “ယခု ဤစာနှင့်အတူ အကျွန်ုပ်၏အမှုထမ်းနေမန်ကို သင့်ထံစေလွှတ်ပါ၏။ သူ၏အနာကြီးရောဂါပျောက်ကင်းအောင် ကုသပေးပါ”ဟု ပါရှိ၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
မောဘလူမျိုးသက်ကြီးဝါကြီးတို့နှင့် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့သည်လည်း ဉာဏ်ပူဇော်ခကိုယူလျက် ထွက်သွားကြ၏။ ဗာလမ်ထံသို့ရောက်သောအခါ ဗာလက်မင်းကြီး၏စကားတို့ကို ဗာလမ်အား ပြောကြားကြ၏။
“ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့၊ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။
ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။