၄ ရာ 5:6 - မြန်မာ့စံမီသမ္မာကျမ်း6 နေမန်သည် အစ္စရေးဘုရင်ထံ စာကိုယူသွားပေး၏။ စာထဲတွင် “ယခု ဤစာနှင့်အတူ အကျွန်ုပ်၏အမှုထမ်းနေမန်ကို သင့်ထံစေလွှတ်ပါ၏။ သူ၏အနာကြီးရောဂါပျောက်ကင်းအောင် ကုသပေးပါ”ဟု ပါရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သူယူဆောင်သွားသည့်စာတွင်``ယခုစာနှင့်လာသူ ကျွန်ုပ်၏အမှုထမ်းနေမန်၏ရောဂါကိုပျောက်ကင်း အောင်ကုသပေးရန် ဤစာနှင့်တကွအဆွေတော် ထံလွှတ်လိုက်သည်'' ဟုပါရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ဣ သ ရေ လ ဘု ရင့် ထံ ရောက်၍ ကျွန်ုပ် ကျွန် ရင်း နေ မန် ကို နူ နာ ပျောက် ကင်း စေ ရန် ဤ အ မှာ တော် စာ နှင့် တ ကွ၊ အ ကြည် တော့် ထံ လွှတ် ပါ သည် ဟူ သော အ မှာ တော် စာ ကို ဆက် သ လျှင် အခန်းကိုကြည့်ပါ။Judson Bible6 ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှာ သူ့ကို ဤစာနှင့်အတူ ငါစေလွှတ်သည်ဟု ပါသတည်း။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။