မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
၄ ရာ 4:42 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။ Common Language Bible အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။- Garrad Bible ထို နောက် ဗာ လ ရှ လိ ရှ မြို့ သား တစ် ယောက် သည် အ ဦး မှည့် မု ယော ဆန် ဖြင့် လုပ် သော မုန့် လုံး နှစ် ဆယ် နှင့် ခြံ ထွက် သီး ပြွတ် များ ကို လွယ် အိတ် တွင် ထည့် ၍ ဘု ရား သ ခင့် လူ ယုံ တော် ထံ ဆက် ကပ် ရာ ဧ လိ ရှဲ က၊ ဤ သူ များ ကို ကျွေး လော့ ဟု မိန့် ဆို လျှင် Judson Bible တစ်ဖန် ဗာလရှလိရှမြို့မှ လူတစ်ယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံးနှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရားသခင်၏လူထံသို့ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့ဟုဆိုလျှင်၊ |
မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။
ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ်၊ ရွှေရှယ်ကယ်ခြောက်ထောင်နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။
ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
ထာဝရဘုရားထံ ယူဆောင်လာသော သူတို့ပြည်ထွက်အဦးဆုံးသီးနှံအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
“ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊
သူသည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးနှင့် ရှိလိရှနယ်မြေတစ်လျှောက်လုံးတို့တွင် ရှာသော်လည်း မတွေ့။ ရှာလိမ်နယ်တစ်လျှောက်တွင်လည်း မရှိ။ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးတွင် ရှာသော်လည်း မတွေ့။
ရှောလုကလည်း မိမိငယ်သားအား “ယခု ထိုသူ့ထံသွားလျှင် မည်သည့်အရာယူဆောင်သွားရမည်နည်း။ ငါတို့အိတ်ထဲတွင် မုန့်လည်းကုန်ပြီ။ ဘုရားသခင်၏လူထံသို့ ယူဆောင်သွားရန် ဘာလက်ဆောင်မျှ မရှိ။ ငါတို့၌ ဘာကျန်သေးသနည်း”ဟု ဆို၏။