ဧလိရှဲကလည်း “သင့်ဝန်းကျင်ရှိအိမ်နီးချင်းအားလုံးတို့ထံသို့သွား၍ အိုးငှားခဲ့ပါ။ အိုးလွတ်တို့ကိုရနိုင်သမျှ များများငှားခဲ့ပါ။
၄ ရာ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ပြီးလျှင် သင်နှင့်သင့်သားတို့သည် အထဲသို့ဝင်၍ တံခါးကိုပိတ်ပြီး ထိုအိုးရှိသမျှထဲသို့ ဆီလောင်းထည့်ပါ။ ပြည့်သောအိုးများကို ဘေးဖယ်ထားပါ”ဟု ဆို၏။ Common Language Bible ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။ Garrad Bible သင် နှင့် သား များ ပါ အိမ် သို့ ဝင်၍ တံ ခါး ပိတ် ပြီး မှ အိုး ရှိ သ မျှ တွင် ဆီ ငှဲ့ လောင်း လျက် ပြည့် သော အိုး ကို ရွှေ့ ထား လော့ ဟု မိန့် မှာ သည့် အ တိုင်း ထို မိန်း မ သွား၍ Judson Bible ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသော အိုးများအထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့ဟု စီရင်သည်အတိုင်း၊ |
ဧလိရှဲကလည်း “သင့်ဝန်းကျင်ရှိအိမ်နီးချင်းအားလုံးတို့ထံသို့သွား၍ အိုးငှားခဲ့ပါ။ အိုးလွတ်တို့ကိုရနိုင်သမျှ များများငှားခဲ့ပါ။
ထို့ကြောင့် သူသည် ဧလိရှဲထံမှပြန်သွား၍ သားတို့နှင့်အတူ တံခါးကိုအထဲမှပိတ်ကာ သူ့ထံယူလာပေးသောအိုးများထဲသို့ ဆီများကိုလောင်းထည့်၏။
ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။
သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို အပြင်သို့ထွက်စေပြီးလျှင် သူငယ်မ၏မိခင်နှင့်ဖခင်တို့အပြင် မိမိနှင့်အတူပါလာသောသူတို့ကိုသာခေါ်၍ သူငယ်မရှိရာသို့ဝင်တော်မူ၏။
ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။
ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌