၄ ရာ 4:4 - Common Language Bible4 ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible4 သင် နှင့် သား များ ပါ အိမ် သို့ ဝင်၍ တံ ခါး ပိတ် ပြီး မှ အိုး ရှိ သ မျှ တွင် ဆီ ငှဲ့ လောင်း လျက် ပြည့် သော အိုး ကို ရွှေ့ ထား လော့ ဟု မိန့် မှာ သည့် အ တိုင်း ထို မိန်း မ သွား၍ အခန်းကိုကြည့်ပါ။Judson Bible4 ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသော အိုးများအထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့ဟု စီရင်သည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ပြီးလျှင် သင်နှင့်သင့်သားတို့သည် အထဲသို့ဝင်၍ တံခါးကိုပိတ်ပြီး ထိုအိုးရှိသမျှထဲသို့ ဆီလောင်းထည့်ပါ။ ပြည့်သောအိုးများကို ဘေးဖယ်ထားပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။