Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့ရာတွင် သင်​သည် ဆုတောင်း​သောအခါ အခန်း​ထဲသို့ ဝင်​၍ တံခါး​ကို ပိတ်ပြီး​လျှင် မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​ထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:6
17 ပူးပေါင်းရင်းမြစ်များ  

ဧလိရှဲ​သည် အခန်း​ထဲသို့​ဝင်​ပြီး သူ​တို့​နှစ်​ယောက်​ထဲ​သာ​ရှိ​သော ထို​အခန်း​၏​တံခါး​ကို​ပိတ်​ကာ ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။


ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍ ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။


ထိုသို့​ပြု​လျှင် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​များ​ကို​ပုံ​ထား​လိမ့်မည်​။ ထာဝရဘုရား​သည်​လည်း သင့်​ကို ဆုလာဘ်​ပေး​တော်မူ​လိမ့်မည်​။


ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။


သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။


လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။


ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။


နာသနေလ​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​ကို မည်သို့​သိ​ပါ​သနည်း”​ဟု မေးလျှောက်​သော် ယေရှု​က“ဖိလိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သဖန်းပင်​အောက်၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံသို့ မ​တက်​သွား​ရ​သေး​သဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီအစ်ကို​တို့​ထံသို့​သွား​၍ ‘ငါ့​ခမည်းတော်​တည်းဟူသော သင်​တို့​၏​ခမည်းတော်၊ ငါ့​ဘုရားသခင်​တည်းဟူသော သင်​တို့​၏​ဘုရားသခင်​ထံသို့ ငါ​တက်​သွား​တော့မည်’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်​တော်မူ​၏။


ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက်


နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။


ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။


သွေးသား​ဇာတိ​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​မူကား ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။


ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ