အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။
၄ ရာ 4:33 - မြန်မာ့စံမီသမ္မာကျမ်း ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။ Common Language Bible သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။- Garrad Bible အ ဆောင် တွင်း သို့ ဝင်၍ နှစ် ယောက် တည်း ရှိ စေ ရန် တံ ခါး ပိတ် လျက်၊ ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ပြီး နောက် Judson Bible အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ |
အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။
ပြီးလျှင် သင်နှင့်သင့်သားတို့သည် အထဲသို့ဝင်၍ တံခါးကိုပိတ်ပြီး ထိုအိုးရှိသမျှထဲသို့ ဆီလောင်းထည့်ပါ။ ပြည့်သောအိုးများကို ဘေးဖယ်ထားပါ”ဟု ဆို၏။
နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
ရှမာရိမြို့သို့ရောက်သွားသောအခါ ဧလိရှဲက “အို ထာဝရဘုရား၊ သူတို့ပြန်မြင်ရဖို့ သူတို့၏မျက်စိကိုဖွင့်ပေးတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားက သူတို့၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် သူတို့သည် ရှမာရိမြို့လယ်သို့ ရောက်နေသည်ကို တွေ့ရလေ၏။
သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ထို့နောက် အိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် သူငယ်မ၏မိခင်ဖခင်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်ထဲသို့ဝင်ခွင့်ပြုတော်မမူ။
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။