၄ ရာ 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible11 နေ မန် အ မျက် ထွက် လျက် ပ ရော ဖက် ကိုယ် တိုင် လာ ရောက် ရပ် တန့် ပြီး လျှင် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘုရား ၏ နာ မ တော် ကို တိုင် တည်၍ အ နာ ပေါ် တွင် လက် ရိပ် ပြ သ ဖြင့် နူ နာ ပျောက် ကင်း စေ လိမ့် မည် ဟု ငါ ထင် မှတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible11 နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကိုခေါ်၍ မိမိလက်နှင့်သုံးသပ်သဖြင့် နူနာကိုပျောက်စေမည်ဟု ငါထင်၏။ အခန်းကိုကြည့်ပါ။ |
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။