ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
၄ ရာ 4:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဧလိရှဲက ဂေဟာဇိအား “သူ့ကို မည်သို့ပြုပေးသင့်သနည်း”ဟု မေးပြန်လျှင် ဂေဟာဇိက “သူ၌ သားမရှိပါ။ ခင်ပွန်းသည်လည်း အသက်ကြီးပါပြီ”ဟု ပြန်လျှောက်၏။ Common Language Bible ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။ ဂေဟာဇိက``သူမှာသားသမီးမရှိပါ။ သူ၏ ခင်ပွန်းသည်လည်းအိုမင်းပါပြီ'' ဟုဆို၏။ Garrad Bible ဤ မိန်း မ အ ဖို့ မည် သို့ ပြု သင့် သ နည်း ဟု ဧ လိ ရှဲ မေး ပြန် သည် နှင့် ဂေ ဟာ ဇိ က၊ ထို မိန်း မ၌ သား သ မီး မ ရှိ။ ခင် ပွန်း လည်း အို မင်း လှ ပြီ ဟု လျှောက် လျှင် Judson Bible ဧလိရှဲကလည်း၊ ဤမိန်းမအဖို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟုဆိုသော်၊ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။
ဧလိရှဲက “ထိုမိန်းမကို ခေါ်လိုက်ပါ”ဟု ဆိုသဖြင့် သူ့ကိုခေါ်၍ သူသည် တံခါးဝ၌ လာရပ်နေ၏။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။
သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။