၁ ရာ 1:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ခင် ပွန်း ဧ လ ကာ န က၊ ဟ န္န၊ အ ဘယ် ကြောင့် အ စာ မ စား ဘဲ ငို ကြွေး နေ ရ သ နည်း။ အ ဘယ် ကြောင့် စိတ် ညစ် ရ သ နည်း။ သား တစ် ကျိပ် ရ သည် ထက် ငါ ကောင်း မြတ် သည် မ ဟုတ် လော ဟု ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible8 သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည် မဟုတ်လောဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။