ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
၄ ရာ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိငယ်သားဂေဟာဇိအား “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟုဆို၏။ ဂေဟာဇိခေါ်လိုက်သဖြင့် ထိုအမျိုးသမီးသည် ဧလိရှဲရှေ့၌ ရပ်နေ၏။ Common Language Bible သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊- Garrad Bible ဤ ရှု နင် မြို့ သူ့ ကို ခေါ် လော့ ဟု မိန့် ဆို သည့် အ တိုင်း ခေါ်၍ ဧ လိ ရှဲ ရှေ့ ထို မိန်း မ ရပ် နေ လျှင် Judson Bible ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန်ဂေဟာဇိအား ဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲရှေ့မှာ ရပ်နေ၏။ |
ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
ထိုအခါ ယောရှဖတ်မင်းကြီးက “ထာဝရဘုရားအား မေးလျှောက်ရန် ဤအရပ်တွင် ထာဝရဘုရား၏ပရောဖက်တစ်ပါးမျှမရှိသလော”ဟု မေးလျှင် အစ္စရေးဘုရင်၏အမှုထမ်းများထဲမှတစ်ဦးက “ရှာဖတ်၏သား ဧလိရှဲ ရှိပါ၏။ သူသည် ဧလိယ၏လက်ထောက်ဖြစ်ပါ၏”ဟု လျှောက်လျှင်
တစ်နေ့တွင် ဧလိရှဲသည် ထိုအိမ်သို့ရောက်လာပြီး အထက်ခန်းသို့တက်သွား၍ လဲလျောင်းနေ၏။
ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။
ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။