၄ ရာ 3:7 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။
အခန်းကိုကြည့်ပါ။
ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
အခန်းကိုကြည့်ပါ။
ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း ထံ ရာ ဇ သံ စေ လွှတ်၍ မော ဘ ဘု ရင် သည် ကျွန်ုပ် ကို ပုန် ကန် လေ ပြီ။ ကျွန်ုပ် နှင့် အ တူ မော ဘ ပြည် သို့ စစ် ချီ မည် လော ဟု မေး ရာ ယော ရှ ဖတ် မင်း က၊ လိုက် ချီ ပါ မည်။ ကျွန်ုပ် သည် အ ကြည် တော် ကဲ့ သို့ လည်း ကောင်း၊ ဗိုလ် ထု လည်း အ ကြည် တော့် ဗိုလ် ထု ကဲ့ သို့ လည်း ကောင်း၊ မြင်း တပ် လည်း အ ကြည် တော့် မြင်း တပ် ကဲ့ သို့ လည်း ကောင်း ဖြစ် ပါ ၏။
အခန်းကိုကြည့်ပါ။
ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှာ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။