ဤသည်ကား သူသည် အစ္စရေးလူမျိုးတို့အား လမ်းမှားစေသည့်အပြစ်များကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်လျက် ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုများကိုပြု၍ ပြစ်မှားသောအပြစ်များကြောင့်ဖြစ်၏။
၄ ရာ 3:2 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။ Common Language Bible သူသည်ဘုရားသခင်အားပြစ်မှားသော်လည်း မိမိ ၏ခမည်းတော်သို့မဟုတ်မယ်တော်ယေဇဗေလ လောက်မဆိုးချေ။ သူသည်ခမည်းတော်တည်လုပ် ခဲ့သောဗာလဘုရားကျောက်တိုင်ကိုပယ်ရှား လိုက်လေသည်။- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် သော် လည်း ခ မည်း တော် တည် လုပ် ခဲ့ သော ဗာ လ နတ် ဆိုင် ရာ ကျောက် တိုင် ကို ပယ် ရှား သည့် အ တွက် ခ မည်း တော်၊ မယ် တော် တို့ နှင့် အ မျှ ပြစ် မှား သည် မ ဟုတ်။ Judson Bible ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။ |
ဤသည်ကား သူသည် အစ္စရေးလူမျိုးတို့အား လမ်းမှားစေသည့်အပြစ်များကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်လျက် ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုများကိုပြု၍ ပြစ်မှားသောအပြစ်များကြောင့်ဖြစ်၏။
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
ထို့နောက် ယေဟုသည် လူအပေါင်းတို့ကို စုရုံးပြီး “အာဟပ်မင်းကြီးသည် ဗာလဘုရားကို ပေါ့ပေါ့သာ ဝတ်ပြု၏။ ယေဟုမူကား အလေးအနက်ဝတ်ပြုမည်။
အာမုန်သည် ခမည်းတော်မနာရှေမင်းကြီးပြုခဲ့သည့်အတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
ယဟောရံမင်းကြီးသည် ယေဟုနှင့်တွေ့လျှင် “ယေဟု၊ ငြိမ်းချမ်းပါ၏လော”ဟုမေးသော် ယေဟုက “မင်းကြီး၏မယ်တော်ယေဇဗေလက ပြည့်တန်ဆာလုပ်သောအမှုနှင့် မှော်အတတ်များစွာကို လိုက်စားနေသရွေ့ မည်သို့ငြိမ်းချမ်းနိုင်မည်နည်း”ဟု ပြန်ပြော၏။
ယေဟုသည် အထဲသို့ဝင်၍စားသောက်ပြီးမှ “ကျိန်စာသင့်သောဤမိန်းမသည် ဘုရင့်သမီးတော်ဖြစ်သောကြောင့် ကြည့်ပြီးသင်္ဂြိုဟ်လိုက်ကြပါ”ဟု ဆို၏။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
သို့ဖြစ်လျက် သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မနာခံသနည်း။ တိုက်ရာပါပစ္စည်းတို့ကို အသည်းအသန်လုယူခြင်းဖြင့် အဘယ်ကြောင့် ထာဝရဘုရားရှေ့မှောက်၌ မကောင်းမှုကို ပြုရသနည်း”ဟု ဆို၏။