ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
၄ ရာ 3:1 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်ယဟောရံ နန်းတက်၍ ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို တစ်ဆယ့်နှစ်နှစ်အုပ်စိုး၏။ Common Language Bible ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။- Garrad Bible ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နန်း စံ ဆယ့် ရှစ် နှစ် တွင် အာ ဟပ် မင်း သား တော် ယော ရံ မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ့် နှစ် နှစ် စိုး စံ လေ၏။ Judson Bible ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံဆယ်ရှစ်နှစ်တွင်၊ အာဟပ်သားယောရံသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ |
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
သို့ဖြစ်၍ အစ္စရေးဘုရင်သည် ယုဒဘုရင်၊ ဧဒုံဘုရင်တို့နှင့်ပေါင်း၍ စစ်ချီကြလေ၏။ ခုနစ်ရက်ပတ်လုံးကွေ့ပတ်ချီတက်လာကြရာ လိုက်ပါလာသောစစ်သည်များနှင့် တိရစ္ဆာန်တို့အဖို့ ရေမရှိသဖြင့်
အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရံမင်းကြီးနန်းစံ ငါးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံသည် သူ့ဖခင် ယုဒဘုရင်ယောရှဖတ်မင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
သူသည် ထိုသူတို့ပေးသောအကြံအတိုင်းလိုက်၍ အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီပြီး ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။