အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
၄ ရာ 25:25 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။ Common Language Bible သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။- Garrad Bible သ တ္တ မ လ တွင် မင်း မျိုး မင်း နွယ် ဖြစ် သူ၊ ဧ လိ ရှ မာ့ မြေး၊ နာ သ နိ သား၊ ဣ ရှ မေ လ သည် လူ တစ် ကျိပ် နှင့် လာ၍ ဂေ ဒ လိ နှင့် မိ ဇ ပါ မြို့ ရှိ အ ပေါင်း ပါ ယု ဒ လူ မျိုး၊ ခါ လ ဒဲ လူ မျိုး တို့ ကို လုပ် ကြံ သတ် ဖြတ် ပြီး လျှင် Judson Bible သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသား နာသနိ၏သားဣရှမေလသည် လူတစ်ကျိပ်နှင့်တကွ လာ၍ ဂေဒလိကိုလည်းကောင်း၊ မိဇပါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကိုလည်းကောင်း သေအောင်လုပ်ကြံလေ၏။ |
အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
ဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်”ဟု ကျိန်ဆိုလေ၏။
ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သား၊ ဘုရင်၏ကိုယ်ရံတော်မှူး ဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့ရှိ အဟိကံ၏မြေးဂေဒလိထံသို့ ရောက်လာကြ၏။ ထိုမိဇပါမြို့တွင် အတူတကွ စားသောက်နေကြစဉ်
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
မိဇပါမြို့၌ ဂေဒလိနှင့်အတူရှိနေသော ဂျူးလူမျိုးအားလုံးနှင့် သူတို့တွေ့ရှိသော ခါလဒဲစစ်သူရဲတို့ကိုပါ သတ်လေ၏။
“ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။