၄ ရာ 25:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်”ဟု ကျိန်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ဂေ ဒ လိ က၊ ခါ လ ဒဲ စစ် သား တို့ ကို မ ကြောက် ကြ လင့်။ ဤ ပြည် တွင် နေ လျက် ဗာ ဗု လုန် ဘု ရင့် ထံ ကျွန် တော် မျိုး ခံ လျှင် ချမ်း သာ ရ ကြ လိမ့် မည် ဟု ထို သူ တို့ အား သ စ္စာ ထား လျက် ပင် အခန်းကိုကြည့်ပါ။Judson Bible24 ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။