ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
၄ ရာ 25:1 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ Common Language Bible ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။- Garrad Bible နန်း စံ ကိုး နှစ်၊ ဒ သ မ လ၊ ဆယ် ရက် တွင် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် အ လုံး အ ရင်း ပါ ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍ မြို့ ပတ် လည် တွင် က တုတ် လှန် ပြီး လျှင် Judson Bible ဇေဒကိမင်းနန်းစံ ကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊ |
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။
ထာဝရဘုရားက နေဗုခဒ်နေဇာမင်းကြီးအားဖြင့် ယုဒပြည်သူနှင့်တကွ၊ ဂျေရုဆလင်မြို့သားတို့ကို ဖမ်းခေါ်သွားသောအခါ ယောဇဒက်လည်း ပါသွား၏။
ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။
ငါသည် သင့်ပတ်လည်၌ တပ်စခန်းချမည်။ သင့်ကို တံတိုင်းကာပြီးဝိုင်းထားမည်။ မြေကတုတ်များကိုလည်း တူးမည်။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
နေဗုခဒ်နေဇာမင်းကြီးနန်းစံတစ်ဆယ့်ရှစ်နှစ်၊ ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံဆယ်နှစ်တွင် ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၏။
ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ခါလဒဲတပ်၏လက်သို့၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်သို့ အပ်မည်။ သူသည် မြို့ကိုသိမ်းပိုက်လိမ့်မည်။
လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့နောက် သူတို့အား ‘အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါ၏အစေအပါးဘေဘီလုံဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မည်။ ယေရမိအား ငါမြှုပ်စေခဲ့သောကျောက်တုံးများပေါ်တွင် ထိုဘုရင်၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း ယာယီစံနန်းကို တည်လိမ့်မည်။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်လေပြီ။
ဇေဒကိသည် အသက်နှစ်ဆယ့်တစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ တစ်ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
သိုးထိန်းတို့သည် မိမိတို့၏သိုးအုပ်များနှင့်အတူ လာ၍ ဇိအုန်မြို့ပတ်ပတ်လည်၌ တဲထိုးကြမည်။ အသီးသီး မိမိစားကျက်၌ ကျက်စားကြမည်”ဟု မိန့်တော်မူ၏။
‘အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ လက်ခုပ်တီးလော့။ ဓားကို နှစ်ကြိမ်မက သုံးကြိမ်မြှောက်လော့။ ဤဓားသည် သတ်ဖြတ်မည့်ဓား၊ သူတို့ကိုဝိုင်းရံပြီး သတ်ပွဲနွှဲမည့်ဓားဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။