တရားဟော 28:52 - မြန်မာ့စံမီသမ္မာကျမ်း52 သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible52 သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible52 သင် တို့ ဘု ရား သ ခင် ထာ ၀ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် တစ် ဝှမ်း လုံး အ တွင်း၊ သင် တို့ ခို လှုံ ရာ ခံ တပ် မြို့ ရိုး မြင့် များ မ ပြို မ ချင်း၊ မြို့ ရှိ သ မျှ ကို ရန် သူ တို့ ဝန်း ဝိုင်း ပိတ် ဆို့ ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible52 သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသောမြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမီတိုင်အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ခြောက်ဆယ့်နှစ်သီတင်းလွန်လျှင် ဘိသိက်ခံမင်းသည် မည်သည့်အရာမျှမကျန်ဘဲ ပယ်ရှင်းခြင်းခံရလိမ့်မည်။ နောက်တက်လာမည့်မင်း၏လူတို့သည် မြို့နှင့် သန့်ရှင်းရာဌာနကို ဖျက်ဆီးပစ်လိမ့်မည်။ အဆုံးသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ အဆုံးသို့မရောက်မချင်း စစ်မက်ဖြစ်ပွားလိမ့်မည်။ ဤသို့ ပျက်စီးခြင်းကို စီရင်ထားတော်မူပြီ။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။