အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
၄ ရာ 23:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှင်ဘုရင်သည် ယုဒမြို့ရွာရှိ ယဇ်ပုရောဟိတ်များအားလုံးကိုလည်း ဆင့်ခေါ်၍ ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယဇ်ပုရောဟိတ်တို့ နံ့သာပေါင်းမီးရှို့ပူဇော်သောနေရာဖြစ်သည့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို မစင်ကြယ်အောင် လုပ်ပစ်၏။ ထို့ပြင် မြို့တံခါးဝ၏ဝဲဘက်၊ မြို့တော်ဝန်ယောရှုတံခါးနားရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ဖြိုဖျက်ပစ်လေ၏။ Common Language Bible မင်းကြီးသည်ယုဒမြို့များမှယဇ်ပုရော ဟိတ်တို့ကို ယေရုရှလင်မြို့သို့ခေါ်ဆောင် ပြီးလျှင် တစ်ပြည်လုံးရှိထိုသူတို့ယဇ်ပူ ဇော်ခဲ့သောပလ္လင်များကိုညစ်ညမ်းစေတော် မူ၏။ မြို့ထဲသို့ဝင်သောအခါမြို့တံခါးမ ကြီး၏လက်ဝဲဘက်တွင်မြို့ဝန်ယောရှုတည် ဆောက်ထားသည့်တံခါးအနီး ဆိတ်နတ်မိစ္ဆာ တို့အားဆက်ကပ်ထားသောယဇ်ပလ္လင်များ ကိုလည်းဖြိုဖျက်တော်မူ၏။- Garrad Bible မြို့ တံ ခါး တော် အ ဝင် ဝဲ ဘက်၊ မြို့ ဝန် ယော ရှု တံ ခါး ဦး ရှိ၊ မြင့် ရာ ဌာ န ကို ဖြို ဖျက် သည့် ပြင် ဂေ ဗ မြို့ မှ စ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ယု ဒ မြို့ ရွာ တိုင်း၌ မြင့် ရာ ဌာ န များ တွင် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ပ ရော ဟိတ် တို့ ကို ခေါ် ငင်၍ ၄င်း ဌာ န များ ကို မ သန့် ရာ ဖြစ် စေ လေ၏။ Judson Bible ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။
အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံးများ၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
ဗင်္ယာမိန်အမျိုးအနွယ်၏နယ်မြေထဲမှ ဂေဗမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကို သူတို့မျိုးနွယ်စုအတွက် ခွဲဝေပေး၏။
သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။
အစ္စရေးလူမျိုးတို့ လမ်းလွဲသွားသောအခါ လေဝိအမျိုးသည်လည်း ငါနှင့်ဝေးသွားကြ၏။ ငါ့ထံမှလမ်းလွဲ၍ ရုပ်တုနောက်သို့ လိုက်ကြ၏။ သူတို့သည် ကိုယ့်အပြစ်ကိုယ်ခံကြရမည်။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂေဗမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့နှင့်ရွာများ ပါ၏။
ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။