သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာ၏။
၄ ရာ 18:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ရှိ ဘဏ္ဍာတိုက်တို့ထဲမှတွေ့ရှိသမျှငွေတို့ကို ပေးလိုက်၏။ Common Language Bible ဟေဇကိသည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်၌ ရှိသမျှသောငွေကိုလည်းကောင်း၊- Garrad Bible ဗိ မာန် တော်၊ နန်း တော် ဘ ဏ္ဍာ တိုက်၌ ရှိ သ မျှ ငွေ ကို ဟေ ဇ ကိ မင်း ပို့ သွင်း သည့် ပြင် Judson Bible ဟေဇကိသည် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော် ဘဏ္ဍာတိုက်၌လည်းကောင်း၊ တွေ့သမျှသောငွေကို ပေး၏။ |
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာ၏။
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထို့ပြင် အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာရှိ တွေ့သမျှရွှေငွေတို့ကိုလည်း ယူ၍ အဆီးရီးယားဘုရင်အား တံစိုးလက်ဆောင်ဆက်သလိုက်၏။
တစ်ချိန်တည်းမှာပင် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးမှ ရွှေများကိုလည်းကောင်း၊ သူကိုယ်တိုင်မွမ်းမံထားသော တံခါးတိုင်တို့မှ ရွှေများကိုလည်းကောင်း ချွတ်ခွာပြီး အဆီးရီးယားဘုရင်အား ပေးလိုက်လေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။