Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 18:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့ကြောင့် ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​က လာခိရှ​မြို့​ရှိ အဆီးရီးယား​ဘုရင်​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ် အမှားပြု​မိ​ပါ​ပြီ​။ အရှင်မင်းကြီး တပ်​ပြန်ဆုတ်​ပေး​ပါ​။ တောင်း​သမျှ​ကို ပေး​ပါ​မည်​”​ဟု​မှာလိုက်​လျှင် အဆီးရီးယား​ဘုရင်​က ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​ထံမှ ငွေ​တာလန်​သုံး​ရာ​၊ ရွှေ​တာလန်​သုံးဆယ်​ကို တောင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​လွှတ်​၍​လာ​ခိ​ရှ​မြို့​ရှိ သ​နာ​ခ​ရိပ်​အား``အ​ကျွန်ုပ်​မှား​ပါ​ပြီ။ အ​ရှင်​၏ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​တော်​မူ​ပါ။ အ​ရှင်​တောင်း​ဆို သ​မျှ​အ​ကျွန်ုပ်​ပေး​ပါ​မည်'' ဟု​လျှောက်​စေ​၏။ ဧ​က​ရာဇ်​ဘု​ရင်​က​မိ​မိ​ထံ​သို့​ငွေ​ဆယ်​တန်​နှင့် ရွှေ​တစ်​တန်​ပေး​ဆက်​ရ​မည်​ဖြစ်​ကြောင်း​ပြန် ကြား​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း က၊ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ တင် သ မျှ ဝန် ကို ထမ်း ဆောင် ပါ မည်။ ပြန် ဆုတ် တော် မူ ပါ ဟု လာ ခိ ရှ မြို့ ရှိ အာ ရှု ရိ ဘု ရင့် ထံ တင် လျှောက် စေ သော်၊ အာ ရှု ရိ ဘု ရင် သည် ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း အ ပေါ် တွင် ငွေ ချိန် ခွက် ကိုး ထောင်၊ ရွှေ ချိန် ခွက် ကိုး ရာ ဝန် ကို တင် လိုက် သည် နှင့် အ ညီ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ရှိ​ရာ လာ​ခိ​ရှ​မြို့​သို့​စေ​လွှတ်၍၊ အ​ကျွန်ုပ်​မှား​ပါ​ပြီ။ ပြန်​သွား​တော်​မူ​ပါ။ ကိုယ်​တော်​တင်​သ​မျှ​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​စေ​သော်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၌ ငွေ​အ​ခွက်​သုံး​ထောင်၊ ရွှေ​အ​ခွက်​သုံး​ရာ​ကို​တောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 18:14
9 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​ဘုရင်​က​လည်း “​အရှင်​မင်းကြီး​ဆို​သည့်​အတိုင်း​ပင် အကျွန်ုပ်​နှင့် အကျွန်ုပ်​၌​ရှိသမျှ​သည် အရှင့်​အပိုင်​ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​၏​။


ထို့ကြောင့် နန်းတော်အုပ်​၊ မြို့အုပ်​၊ သက်ကြီးဝါကြီး​များ​နှင့် အထိန်းတော်​များ​က ယေဟု​ထံသို့ လူ​လွှတ်​ကာ “​အကျွန်ုပ်​တို့​သည် အရှင့်​အစေအပါး​များ ဖြစ်​ကြ​ပါ​၏​။ အရှင်​မိန့်​တော်မူ​သမျှ အကျွန်ုပ်​တို့ ပြု​ပါ​မည်​။ မည်သူ့​ကို​မျှ မင်း​မ​မြှောက်​ပါ​။ အရှင်​အလိုရှိ​သည့်​အတိုင်း​သာ ပြု​ပါ​”​ဟု အကြောင်းပြန်​လေ​၏​။


ဂျေရုဆလင်​မြို့​တွင် အာမဇိ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ​လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို​ကွပ်မျက်​ကြ​၏​။


ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ်​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ပြီး ပြု​လေရာရာ​၌ အထမြောက်​၏​။ သူ​သည် အဆီးရီးယား​ဘုရင်​၏​လက်အောက်ခံ​အဖြစ်​မ​နေ​ဘဲ ပုန်ကန်​လေ​၏​။


အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။


လူ​ကို​ကြောက်ရွံ့​ခြင်း​သည် ထောင်ချောက်​ဖြစ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား လုံခြုံ​စွာ​နေ​ရ​၏​။


ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။


ရင်ဆိုင်​၍​မ​ရ​နိုင်​ပါက အခြား​ဘုရင်​သည်​အဝေး​၌​ရှိ​နေ​စဉ် သံတမန်​ကို​စေလွှတ်​၍ စစ်ပြေငြိမ်း​ရေး​အတွက် စကား​ကမ်းလှမ်း​ရ​ပေ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ