၄ ရာ 18:16 - မြန်မာ့စံမီသမ္မာကျမ်း16 တစ်ချိန်တည်းမှာပင် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးမှ ရွှေများကိုလည်းကောင်း၊ သူကိုယ်တိုင်မွမ်းမံထားသော တံခါးတိုင်တို့မှ ရွှေများကိုလည်းကောင်း ချွတ်ခွာပြီး အဆီးရီးယားဘုရင်အား ပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဗိမာန်တော်တံခါးဝများနှင့် မိမိကိုယ်တိုင် မွမ်းမံချယ်လှယ်ထားသည့်တံခါးတိုင်များမှ ရွှေကိုလည်းကောင်းသနာခရိပ်အားပေး၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ဗိ မာန် တော် တံ ခါး ချယ် လယ် သော ရွှေ နှင့် ကိုယ် တိုင် မွမ်း မံ သော တိုင် တော့် ရွှေ များ ကို ခွါ၍၊ အာ ရှု ရိ ဘု ရင့် ထံ ပို့ သွင်း ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။