ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။
၄ ရာ 17:2 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုသော်လည်း သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်တို့ကဲ့သို့ မပြု။ Common Language Bible သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် သော် လည်း အ ထက် ဘု ရင် မင်း တို့ နှင့် အ မျှ မ ဆိုး မ သွမ်း ချေ။ Judson Bible ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာဖြစ်ဖူးသော ဣသေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမီ။ |
ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။
ဩမရိမင်းကြီး၏သားတော်အာဟပ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် မကောင်းမှုကိုသာ၍ပြု၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသောအပြစ်များကို တစ်သက်လုံးမလွှဲမရှောင်ခဲ့ပေ။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ဇာခရိမင်းကြီးသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ယုဒဘုရင်အာခတ်မင်းကြီး နန်းစံတစ်ဆယ့်နှစ်နှစ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို ကိုးနှစ်အုပ်စိုး၏။
ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။