ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။
၄ ရာ 14:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် အာခဇိမင်းကြီး၏မြေး၊ ယဟောရှမင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိ၏။ ထို့နောက် ဂျေရုဆလင်မြို့သို့သွားပြီးလျှင် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာဖြိုချပစ်ပြီး Common Language Bible ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။- Garrad Bible ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သည် အာ ခ ဇိ မင်း မြေး တော်၊ ယော ရှ မင်း သား တော်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း ကို ဗက် ရှေ မက် မြို့ တွင် ဖမ်း မိ၏။ ယေ ရု ရှ လင် မြို့ သို့ ချီ သွား လျက် ဧ ဖ ရိမ် တံ ခါး မှ ထောင့် တံ ခါး တိုင် အောင် မြို့ ရိုး အ တောင် လေး ရာ ကို ဖြို ဖျက် ပြီး လျှင် Judson Bible ဣသရေလရှင်ဘုရင် ယဟောရှသည်၊ ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုး အတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။ |
ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။
ထို့ကြောင့် လူတို့သည် ထွက်သွား၍ သစ်ခက်များကိုယူဆောင်လာကြပြီး မိမိတို့အိမ်ခေါင်မိုးပြင်၊ အိမ်ဝင်းအတွင်း၊ ဘုရားသခင်၏အိမ်တော်ဝင်းအတွင်း၊ ရေတံခါးရှေ့ကွင်းပြင်၊ ဧဖရိမ်တံခါးရှေ့ကွင်းပြင် စသည်တို့၌ ယာယီတဲကို ဆောက်လုပ်ကြ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးအထိ ထာဝရဘုရားအတွက် မြို့တော်ကို ပြန်လည်တည်ဆောက်ရမည့်အချိန် ရောက်လာလိမ့်မည်။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။