Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 14:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို သိမ်းယူ​၍ ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် ရှိ ရွှေ ငွေ စ သော အ သုံး အ ဆောင် ရှိ သ မျှ နှင့် ပြည် ရေး အ တွက် အာ မ ခံ တို့ ကို ယူ ပြီး မှ ရှ မာ ရိ မြို့ သို့ ပြန် ချီ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍ တန်​ဆာ​အ​လုံး​စုံ​နှင့် အာ​မ​ခံ​သော​သူ​အ​ချို့​တို့​ကို​ယူ​ပြီး​မှ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 14:14
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​များ​ကို ထုတ်ဆောင်​၍ ထို​အရာ​အားလုံး​အပြင် ရှောလမုန်​မင်းကြီး​ပြုလုပ်​ခဲ့​သော​ရွှေ​ဒိုင်းလွှား​အားလုံး​ကို​လည်း ယူဆောင်​သွား​၏​။


ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​၌ ကျန်ရှိ​သော​ရွှေ​ငွေ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​အားလုံး​ကို​ယူ​ပြီး မိမိ​အမှုထမ်း​တို့​လက်​သို့​အပ်​လိုက်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဟေဇယုန်​မင်းကြီး​၏​မြေး​တော်​၊ တာဗရိမ္မုန်​မင်းကြီး​၏​သား​တော် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက်


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီး​သောအခါ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။


ထိုအခါ ယုဒ​ဘုရင်​ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။


ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။


ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း​ပင် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​မှ ရှိသမျှ​ကို ယူဆောင်​သွား​၏​။ ထာဝရဘုရား​၏​ဗိမာန်တော်​ရှိ အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​ခဲ့​သော ရွှေ​အသုံးအဆောင်​အားလုံး​ကို​လည်း ချိုးဖဲ့​ဖျက်ဆီး​၍​ယူဆောင်​သွား​လေ​၏​။


ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ