အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 1:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဧလိယ ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​အတိုင်း အာခဇိ​မင်းကြီး အနိစ္စရောက်​လေ​၏​။ သူ​၌​သား​မ​ရှိ​သောကြောင့် ယဟောရံ​သည် ယောရှဖတ်​မင်းကြီး​၏​သား ယုဒ​ဘုရင် ယဟောရံ​မင်းကြီး​နန်းစံ​နှစ်​နှစ်​တွင် အာခဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဧ လိ ယ ဆင့် ဆို သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း ဘု ရင် မင်း ကွယ် လွန် လျှင် သား တော် မ ရှိ သော ကြောင့် ယော ရံ သည် ယော ရှ ဖတ် မင်း သား တော် ယု ဒ ဘု ရင် ယ ဟော ရံ မင်း နန်း စံ နှစ် နှစ် တွင် အ ရိုက် အ ရာ ၌ နန်း တက် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ဧ​လိ​ယ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း ရှင်​ဘု​ရင်​သေ၍၊ သား​တော်​မ​ရှိ​သော​ကြောင့် ညီ​တော်​ယော​ရံ​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​နန်း​စံ​နှစ်​နှစ်​တွင် နန်း​ထိုင်​လေ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 1:17
11 ပူးပေါင်းရင်းမြစ်များ  

ဧလိယ​အား ထာဝရဘုရား​မိန့်ဆို​ထား​သည့်​စကား​အတိုင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ဘဲ ရှိ​လေ​၏​။


စစ်ရထား​ကို ပြည့်တန်ဆာ​တို့​ရေချိုး​လေ့​ရှိ​သော ရှမာရိ​ရေကန်​တွင် ဆေးကြော​ရာ ထာဝရဘုရား​မိန့်​တော်မူ​သည့်​စကား​အတိုင်း ရှင်ဘုရင်​၏​သွေး​တို့​ကို ခွေး​တို့ လျက်​ကြ​လေ​၏​။


ယောရှဖတ်​နန်းတက်​ချိန်​တွင် သက်တော်​သုံးဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ငါး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ရှိလဟိ​၏​သမီး အဇုဘ​အမည်​ရှိ​၏​။


ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​ခုနစ်​နှစ်​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​အာခဇိ​သည် အစ္စရေး​ပြည်​၊ ရှမာရိ​မြို့​တွင် နန်းတက်​၍ အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​အုပ်စိုး​၏​။


ကျန်ရှိ​နေ​သော အာခဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ယေဟု​သည် ရှမာရိ​မြို့​သို့​ရောက်လာ​သောအခါ ထာဝရဘုရား​သည် ဧလိယ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​အတိုင်း ရှမာရိ​မြို့​၌ အာဟပ်​အမျိုး​ကြွင်းကျန်​သမျှ​ကို အကုန်​ပျက်စီး​သည်​အထိ သတ်​လေ​၏​။


ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​ယဟောရံ နန်းတက်​၍ ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို တစ်ဆယ့်​နှစ်​နှစ်​အုပ်စိုး​၏​။


ထို​သူ​တို့ ပြန်လာ​ပြီး ယေဟု​အား ပြောပြ​ကြ​လျှင် ယေဟု​က “​ဤသည်ကား ထာဝရဘုရား​က မိမိ​အစေအပါး တိရှဘိ​မြို့သား ဧလိယ​အား ‘​ယေဇရေလ​မြေကွက်​တွင် ယေဇဗေလ​၏​အသား​ကို ခွေး​တို့ စား​ကြ​လိမ့်မည်​။


သူ​၏​သား​တော်​ယောရှဖတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​လူမျိုး​တို့​ကို ခုခံတိုက်ခိုက်​နိုင်​အောင် အားအင်​ဖြည့်တင်း​ထား​၏​။


ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် မောဘ​ပြည်​ရှိ ထို​တောင်​ပေါ်၌​သေဆုံး​လေ​၏​။