ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
၃ ရာ 9:26 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။ Common Language Bible ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။- Garrad Bible ရှော လ မုန် မင်း သည် ဧ ဒုံ ပြည်၊ ဧ လုတ် မြို့ အ နီး၊ ပင် လယ် နီ ဆိပ် ကမ်း ရှိ ဧ ဇ ယုန် ဂါ ဗာ မြို့ တွင် သင်္ဘော အ များ တည် လုပ် ရာ ဟိ ရံ မင်း လည်း Judson Bible တစ်ဖန်ရှောလမုန်မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့်နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကိုတည်လုပ်၏။ |
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
အာဟပ်မင်းကြီး၏သားတော်အာခဇိမင်းကြီးက ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်၏အစေအပါးတို့ကို သင်၏အစေအပါးတို့နှင့်အတူ သင်္ဘောလိုက်စေပါ”ဟု တောင်းဆိုသည်ကို ယောရှဖတ်မင်းကြီးက လက်မခံခဲ့။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ကုန်သွယ်သင်္ဘောများကဲ့သို့ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင်လာတတ်၏။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။