ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်နန်းတော်တည်းဟူသော အဆောက်အအုံနှစ်ခုကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
ရှော လ မုန် မင်း သည် ဗိ မာန် တော်၊ နန်း တော်၊ နှစ် ရပ် လုံး ကို ဆောက် ၍ နှစ် ပေါင်း နှစ် ဆယ် ပြည့် သော အ ခါ
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
ဤသို့ဖြင့် ရှောလမုန်မင်းကြီးနန်းစံလေးနှစ်မြောက်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်ကို အုတ်မြစ်ချပြီး
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ရှောလမုန်မင်းကြီးသည် မိမိနန်းတော်ကိုလည်းတည်ဆောက်ရာ တစ်ဆယ့်သုံးနှစ်အကြာတွင် နန်းတော်တစ်ခုလုံး ပြီးစီးလေ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ ရှင်ဘုရင်နန်းတော်နှင့် မိမိဆန္ဒအတိုင်းတည်ဆောက်လိုသမျှကို တည်ဆောက်ပြီးစီးသောအခါ
တိုင်ရာဘုရင်ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးအား သစ်ကတိုးသား၊ ထင်းရှူးသားနှင့် ရွှေတို့ကို အလိုရှိသမျှပံ့ပိုးပေးခဲ့သဖြင့် ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအား ဂါလိလဲပြည်ရှိ မြို့နှစ်ဆယ်မြို့ကိုပေးလေ၏။
သူတို့ကလည်း ‘အကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏အစေအပါးများ ဖြစ်၏။ ရှေးနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတို့၏ဘုရင်မင်းမြတ် တည်ဆောက်ပြီးစီးခဲ့သောအိမ်တော်ကို အကျွန်ုပ်တို့ ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။