ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
၃ ရာ 8:9 - မြန်မာ့စံမီသမ္မာကျမ်း သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။ Common Language Bible အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။ Garrad Bible အိ ဂျစ် ပြည် မှ ထွက် လာ ခဲ့ သော ဣ သ ရေ လ အ မျိုး သား တို့ နှင့် ထာ ဝ ရ ဘု ရား ပ ဋိ ညာဉ် ဖွဲ့ တော် မူ သည့် ကာ လ၊ ဟော ရပ် တောင်၌ မော ရှေ ထည့် ခဲ့ သော ကျောက် နှစ် ပြား မှ တစ် ပါး၊ သေ တ္တာ တော် အ တွင်း တစ် စုံ တစ် ခု မျှ မ ရှိ။ Judson Bible ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။ |
ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
သေတ္တာတော်ထမ်းပိုးတို့သည် ရှည်လွန်းသဖြင့် ထမ်းပိုးအစွန်းပိုင်းကို အပြင်မှမမြင်ရသော်လည်း သန့်ရှင်းရာဌာနမှ လှမ်းမြင်ရ၏။ ယနေ့ထိတိုင် ထမ်းပိုးများ ထိုနေရာတွင် ရှိနေ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
အာရုန်အား “အိုးတစ်လုံးကိုယူလော့။ ထိုအထဲ၌ မန္နမုန့်တစ်ဩမဲအပြည့်ထည့်ပြီးလျှင် သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ထိန်းသိမ်းရန် ထာဝရဘုရားရှေ့တော်၌ ထားလော့”ဟု ဆိုလေ၏။
ကရုဏာတော်ပလ္လင်ကို သေတ္တာပေါ်တွင်တင်ရမည်။ သင့်အားငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်ကိုတင်၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။
“ဤပညတ်တရားကျမ်းကိုယူ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ဘေး၌ ထားရမည်။ သင်တို့ကိုဆန့်ကျင်သောသက်သေအဖြစ် ရှိနေစေရမည်။
ကိုယ်တော်သည် သင်တို့လိုက်နာရန် ညွှန်ကြားထားသည့် မိမိ၏ပဋိညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို သင်တို့အားပြောကြားတော်မူပြီးလျှင် ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးထားတော်မူ၏။
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။