၃ ရာ 8:39 - မြန်မာ့စံမီသမ္မာကျမ်း
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။
အခန်းကိုကြည့်ပါ။
ကိုယ်တော်၏လူမျိုးတော်သည်ဘိုးဘေးများ အားပေးတော်မူမည့်ပြည်တော်တွင်နေထိုင်ရ သမျှကာလပတ်လုံး ကိုယ်တော်အားကြောက်ရွံ့ ရိုသေကြစေရန်သူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူ ရာကောင်းကင်ဘုံကနေ၍နားထောင်တော်မူ လျက် သူတို့အားအပြစ်ဖြေလွှတ်၍ကူမ တော်မူပါ။ ကိုယ်တော်သာလျှင်လူအပေါင်း တို့၏အကြံအစည်များကိုသိတော်မူပါ ၏။ လူတိုင်းခံစားသင့်သည့်အကျိုးအပြစ် အလျောက်စီရင်တော်မူပါ။''
အခန်းကိုကြည့်ပါ။
စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ လျက် ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ပြည် တွင် အ သက် တည် သ မျှ ကာ လ ပတ် လုံး ကိုယ် တော် ကို ခန့် ညား ကြ စေ ရန် လူ့ သား အ ပေါင်း တို့ စိတ် သ ဘော ကို ကိုယ် တော် သာ လျှင် သိ သည် နှင့် အ ညီ အ သီး အ သီး ၌ သိ တော် မူ တိုင်း၊ အ ကျိုး အ ပြစ် အ လျောက် စီ ရင် ဆုံး ဖြတ် ၍ ချမ်း သာ ပေး တော် မူ ပါ။
အခန်းကိုကြည့်ပါ။
ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်တော်မူပါ။
အခန်းကိုကြည့်ပါ။