သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
၃ ရာ 21:26 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။ Common Language Bible သူသည်အာမောရိပြည်သားတို့ပြုသည့်အတိုင်း ရုပ်တုများကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အလွန်ရှက်ကြောက်ဖွယ်ကောင်းသည့်အပြစ်များ ကိုပြုလေသည်။ အာမောရိပြည်သူတို့ကား ခါနာန်ပြည်သို့ဣသရေလအမျိုးသားတို့ ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ် တော်မူသောသူများဖြစ်သတည်း။) Garrad Bible ဣ သ ရေ လ လူ မျိုး ရှေ့ မှ၊ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော အာ မော ရိ အ မျိုး သား တို့ ပြု သ မျှ အ တိုင်း ရုပ် ပွား ဆင်း တု နောက် သို့ လျှောက် လိုက် လျက် စက် ဆုပ် ရွံ ရှာ ဖွယ် အ မှု ကို လည်း ပြု လေ့ ရှိ ၏။ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော အာမောရိအမျိုးသား ပြုသမျှအတိုင်း၊ ရုပ်တုဆင်းတုကိုဆည်းကပ်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
သူသည် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကိုလည်း တိုင်းပြည်မှနှင်ထုတ်ပစ်၏။ ဘိုးဘေးတို့ပြုလုပ်ထားသောရုပ်တုရှိသမျှတို့ကိုလည်း ဖယ်ရှားပစ်ခဲ့၏။
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
ထာဝရဘုရားက “ဤအမှုကို မပြုရ”ဟု တားမြစ်ထားသောရုပ်တုကိုးကွယ်ခြင်းအမှုကို သူတို့ပြုကြ၏။
“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးဥစ္စာကို မတရားယူ၍ အပေါင်ပစ္စည်းကိုပြန်မပေးခြင်း၊ ရုပ်တုတို့ကိုကိုးကွယ်ခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာတို့ကိုပြုခြင်း၊
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြစ်၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ မည်သူမျှမရပ်တည်နိုင်။
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။