အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 20:42 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပရောဖက်​က​လည်း ရှင်ဘုရင်​အား “ ‘​သတ်ပစ်​ရ​မည့်​သူ​ကို သင်​လွှတ်ပေး​လိုက်​သောကြောင့် သူ့​အသက်​အစား သင့်​အသက်​၊ သူ့​အမှုထမ်း​များ​အစား သင့်​အမှုထမ်း​များ​ကို ပေးလျော်​ရ​မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ရော ဖက် က လည်း ငါ မြေ လှန် ခဲ့ သူ့ ကို သင် လွှတ် လိုက် သည့် အ တွက် သူ့ အ သက် အ စား သင့် အ သက် သူ့ ဗိုလ် ထု အ စား သင့် ဗိုလ် ထု ခံ ရ မည် ဟူ ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​ကျိန်​သော​သူ​ကို သင်​လွှတ်​သော​ကြောင့်၊ သင့်​အ​သက်​သည် သူ့​အ​သက်​အ​တွက်၊ သင့်​လူ​တို့​သည် သူ့​လူ​တို့​အ​တွက်​အ​ရှုံး​ခံ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

အခန်းကိုကြည့်ပါ။



၃ ရာ 20:42
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​သူ​သည် အရှင်မင်းကြီး​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ရှောလု​မင်းကြီး​လက်​မှ ကယ်နုတ်​ပြီး အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ခဲ့​၏​။


ဗင်္ဟာဒဒ်​မင်းကြီး​က အာဟပ်​မင်းကြီး​အား “​သင့်​ခမည်းတော်​ထံမှ အကျွန်ုပ်​ခမည်းတော်​သိမ်းယူ​ခဲ့​သော​မြို့​များ​ကို သင့်​အား ပြန်ပေး​ပါ​မည်​။ အကျွန်ုပ်​ခမည်းတော်​သည် ရှမာရိ​မြို့​တွင် ဈေး​တည်​သကဲ့သို့ သင်​လည်း ဒမတ်စကပ်​မြို့​တွင် ဈေးတည်​ပါ​”​ဟု ဆို​၏​။ အာဟပ်​မင်းကြီး​က​လည်း “​ဤ​ကတိသစ္စာ​ကြောင့် သင့်​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​ကာ ဗင်္ဟာဒဒ်​မင်းကြီး​နှင့် ကတိသစ္စာ​ပြု​ပြီး သူ့​ကို လွှတ်လိုက်​လေ​၏​။


ရှင်ဘုရင်​ကြွလာ​သောအခါ သူ​သည် အော်ဟစ်​လျက် ရှင်ဘုရင်​အား “​ကျွန်တော်မျိုး​သည် တိုက်ပွဲ​ထဲသို့ ရောက်​ခဲ့​ပါ​၏​။ လူ​တစ်​ယောက်​က အကျွန်ုပ်​ထံသို့ လူ​တစ်​ယောက်​ကို ခေါ်လာ​ပြီး ‘​ဤ​သူ​ကို စောင့်ရှောက်​ပါ​။ သူ​ထွက်ပြေး​ပျောက်ဆုံး​သွား​လျှင် သူ့​အသက်​အဖို့ သင့်​အသက်​၊ သို့မဟုတ် ငွေ​တစ်​တာလန်​ကို ပေးလျော်​ရ​မည်​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​။


ထိုအခါ ပရောဖက်​သည် မိမိ​မျက်နှာ​တွင် အုပ်​ထား​သော​ပဝါ​ကို အလျင်အမြန်​ဖယ်​လိုက်​ရာ ပရောဖက်​တစ်​ပါး​ဖြစ်ကြောင်း​ကို အစ္စရေး​ဘုရင်​သိ​ရ​လေ​၏​။


ထို​နောက်ပိုင်း​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် သူ​၏​စစ်သည်​အပေါင်း​တို့​ကို​စုဆောင်း​ပြီး စစ်ချီလာ​၍ ရှမာရိ​မြို့​ကို ဝိုင်းထား​၏​။


ထိုအခါ ဟာဇေလ​က “​အကျွန်ုပ်​သခင်​၊ အဘယ်ကြောင့် မျက်ရည်ကျ​ရ​ပါ​သနည်း​”​ဟု​မေး​လျှင် ဧလိရှဲ​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ဘေးအန္တရာယ်​ပြု​မည်​ကို ငါ​သိ​လေ​ပြီ​။ သင်​သည် သူ​တို့​၏​ခံတပ်​မြို့​များ​ကို မီးရှို့​ပစ်​လိမ့်မည်​။ လူငယ်​တို့​ကို ဓား​ဖြင့် သတ်​လိမ့်မည်​။ ကလေးငယ်​များ​ကို ကိုင်ယူ​ပေါက်သတ်​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို​လည်း ခွဲဖောက်​လိမ့်မည်​”​ဟု ဆို​၏​။


ဆက်ကပ်​ထား​သော​အရာ​ရှိသမျှ​တို့​တွင် လူ​ဖြစ်​လျှင်ပင် ရွေးနုတ်​ခွင့်​မ​ရှိ​။ သူ​သည် မုချ​အသတ်​ခံရ​မည်​။


သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​အတိုင်း အာမလက်​လူမျိုး​တို့​အား မ​ပြု​ခဲ့​သောကြောင့် ထာဝရဘုရား​သည် ယနေ့ သင့်​အား ဤသို့​ပြု​တော်မူ​ပြီ​။