ကျွန်တော်မျိုးလည်း ဟိုဟိုသည်သည် အလုပ်ရှုပ်နေစဉ် ထိုသူပျောက်သွားပါ၏”ဟု လျှောက်တင်၏။ ထိုအခါ အစ္စရေးဘုရင်ကလည်း သူ့အား “သင်ခံရမည့်ပြစ်ဒဏ်ကို သင်ကိုယ်တိုင် စီရင်ချက်ချလေပြီ”ဟု မိန့်ဆို၏။
၃ ရာ 20:39 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။ Common Language Bible မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။- Garrad Bible ဘု ရင် မင်း ထွက် လာ ရာ ထို ပ ရော ဖက် က၊ ကျွန် တော် မျိုး စစ် တိုက် မည် ပြု စဉ် တွင် စစ် ပွဲ မှ ထွက် လာ သူ တစ် ဦး သည် သုံ့ ဘမ်း သူ တစ် ယောက် ကို ကျွန် တော့် ထံ အပ်၍ ထို သူ့ ကို စောင့် ထိန်း လော့။ ပျောက် လျှင် သူ့ အ သက် အ စား သင့် အ သက် သော် လည်း ကောင်း၊ ငွေ ချိန် ခွက် သုံး ဆယ် သော် လည်း ကောင်း၊ လျော် ရ မည် ဟု ထား ခဲ့ သော် လည်း Judson Bible ရှင်ဘုရင်သည် လျှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတစ်ယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော်၌ လူတစ်ယောက်ကိုအပ်သဖြင့် ဤလူကိုစောင့်လော့။ တစ်စုံတစ်ခုအားဖြင့် ပျောက်လျှင် သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ် ငွေအခွက်တစ်ဆယ်လျော်ရမည်ဟု မှာထားသော်လည်း၊ |
ကျွန်တော်မျိုးလည်း ဟိုဟိုသည်သည် အလုပ်ရှုပ်နေစဉ် ထိုသူပျောက်သွားပါ၏”ဟု လျှောက်တင်၏။ ထိုအခါ အစ္စရေးဘုရင်ကလည်း သူ့အား “သင်ခံရမည့်ပြစ်ဒဏ်ကို သင်ကိုယ်တိုင် စီရင်ချက်ချလေပြီ”ဟု မိန့်ဆို၏။
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထို့နောက် သူတို့သည် ယဇ်ကောင်များကို မီးရှို့ပူဇော်ရန် အထဲသို့ဝင်သွားကြ၏။ ယေဟုသည် အပြင်ဘက်တွင် လူအယောက်ရှစ်ဆယ်ကို နေရာချထားပြီး “သင်တို့လက်သို့ ငါအပ်လိုက်သောသူတစ်စုံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ထိုသူ၏အသက်အစား ကိုယ့်အသက်ကို ပြန်ပေးရမည်”ဟု မိန့်မှာထား၏။
အမျက်တော်ကြောင့် သင်သည် အပြစ်ဒဏ်မခံရစေရန် သတိပြုလော့။ များစွာသောတံစိုးလက်ဆောင်ကြောင့် သင်လမ်းမလွဲနှင့်။
လူသည် သူတစ်ပါးကို လုံးဝရွေးနုတ်ကယ်တင်၍မရနိုင်။ မိမိအတွက်ရွေးနုတ်စရာအဖိုးအခကိုလည်း ဘုရားသခင်အား မပေးနိုင်။
အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။