Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 13:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လူ​၏​ဓနဥစ္စာ​သည် သူ့​အသက်​ကို​ပြန်ရွေး​သော အဖိုးအခ​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​မူကား မည်သည့်​ခြိမ်းခြောက်​သံ​ကို​မျှ မ​ကြား​ရ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 လူ့ စည်း စိမ် သည်၊ ကိုယ့် အ သက် ကို ရွေး နှုတ် ရန် အ ဖိုး ဖြစ်၏။ သူ ဆင်း ရဲ မူ ကား၊ ခြိမ်း ချောက် ခြင်း စ ကား ကို မ ကြား မ အပ် စပ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 စည်း​စိမ်​သည် ရ​တတ်​သော​သူ၏ အ​သက်​ကို ရွေး​ဖို့​ဖြစ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ အ​ပြစ်​တင်​သော​စ​ကား​ကို မ​ကြား​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 13:8
15 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ဂျေရုဆလင်​မြို့သား​များ​အပါအဝင် မှူးမတ်​များ​၊ စစ်သူရဲ​များ​၊ လက်မှုပညာသည်​များ​၊ ပန်းပဲသမား​များ​အားလုံး စုစုပေါင်း​လူ​တစ်သောင်း​ကို ဖမ်းခေါ်​သွား​၏​။ ဆင်းရဲ​သော​ပြည်သူပြည်သား​များ​မှအပ မည်သူ​မျှ​မ​ကျန်​တော့​ပေ​။


သို့သော် ကိုယ်ရံတော်မှူး​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်လုပ်​စေ​၏​။


ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။


အကယ်၍ သူ့​အား​လျော်ကြေး​တောင်း​မည်​ဆို​လျှင် တောင်း​သမျှ​ကို သူ​သည် မိမိ​အသက်​ကို​ရွေးနုတ်​သော​အဖိုးအခ​အဖြစ် ပေး​ရ​မည်​။


ဘာမျှ​မ​ရှိ​ဘဲ​လျက် ချမ်းသာဟန်ဆောင်​သော​သူ​ရှိ​၏​။ စည်းစိမ်ဥစ္စာ​များစွာ​ရှိ​လျက်​နှင့် ဆင်းရဲ​ဟန်ဆောင်​သော​သူ​ရှိ​၏​။


ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။


ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။


မည်သည့်​လျော်ကြေး​ကို​မျှ လက်ခံ​လိမ့်မည်​မ​ဟုတ်​။ များစွာ​သော​တံစိုးလက်ဆောင်​ကို​လည်း အလိုရှိ​လိမ့်မည်​မ​ဟုတ်​။


သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဘာမျှ​မ​ရှိ​သော​ဆင်းရဲသား​တို့​ကို ယုဒ​ပြည်​၌​ထားခဲ့​၍ သူ​တို့​အား စပျစ်ခြံ​နှင့်​လယ်ယာမြေ​တို့​ကို ပေး​လေ​၏​။


ထိုအခါ ထို​သူ​တို့​ထဲမှ​လူ​ဆယ်​ယောက်​တို့​က “​အကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်​။ အကျွန်ုပ်​တို့​မှာ တော​၌​ဝှက်​ထား​သော ဂျုံ​၊ မုယော​၊ ဆီ​၊ ပျားရည်​တို့ ရှိ​ပါ​သည်​”​ဟု ဣရှမေလ​အား​ဆို​သောကြောင့် သူ​တို့​ကို သူ​တို့​အဖော်​တို့​နှင့်အတူ မ​သတ်​ဘဲ ထားခဲ့​လေ​၏​။


အဖိနှိပ်​ခံရ​သူ​များ​၊ ဆင်းရဲသား​များ​ကို သင့်​ထံ​တွင် ငါ​ချန်ထား​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ခိုလှုံ​ကြ​လိမ့်မည်​။


လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။


အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ