ယေရမိ 48:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 (ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။) အခန်းကိုကြည့်ပါ။Garrad Bible10 ထာ ဝ ရ ဘု ရား ၏ အ မှု တော် ကို လျစ် လျူ စွာ ဆောင် ရွက် သူ သည်၊ အ မင်္ဂ လာ ခံ စေ။ အ သွေး မ သွန်း ဘဲ ဓား ကို ချုပ် တည်း သူ လည်း၊ အ မင်္ဂ လာ ခံ စေ။ အခန်းကိုကြည့်ပါ။Judson Bible10 ထာဝရဘုရား၏ အမှုတော်ကိုကြိုးစား၍ မဆောင်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက်ကို မသတ်ဘဲ မိမိဓားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။