သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
၃ ရာ 2:24 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို ခိုင်ခံ့စေ၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင် စံမြန်းစေတော်မူပြီး ကတိထားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်အား နန်းမွေဆက်ခံစေတော်မူသောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့တွင် အဒေါနိယသေရမည်”ဟု ကျိန်ဆိုလေ၏။ Common Language Bible ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။ Garrad Bible က တိ တော် နှင့် အ ညီ ခ မည်း တော် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် ပေါ် တွင် ငါ့ ကို ခိုင် ခံ့ စွာ တင်၍ နန်း ညွန့် နန်း နွယ် ကို ပေး သ နား တော် မူ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း အ ဒေါ နိ ယ သည် ယ နေ့ သေ ဒဏ် ခံ ရ မည် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို ပြီး နောက် Judson Bible ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော်ဒါဝိဒ်၏ရာဇပလ္လင်တော်ပေါ်မှာ တင်၍ ကတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊ |
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အို အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအား ‘သင့်အမျိုးအနွယ်ကို ငါတည်စေမည်’ဟု ကြားသိစေပါပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ဤသို့ဆုတောင်းဝံ့ခြင်းဖြစ်ပါ၏။
ရှင်ဘုရင်က “ငါ့အသက်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
ထိုအခါ ရှောလမုန်မင်းကြီးက “သူသည် ဖြောင့်မှန်သောသူဖြစ်လျှင် သူ့ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ။ သို့သော် မကောင်းမှုပြုသောသူဖြစ်လျှင် အမှန်သေရမည်”ဟု မိန့်ဆို၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
အို ဘုရားသခင်၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အား ချီးမြှောက်ခြင်းကို ခံထိုက်သူအဖြစ် မြင်တော်မူပါသည်တကား။
အို ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။
သူသည် ငါ့နာမတည်ရာအိမ်တော်ကို တည်ဆောက်လိမ့်မည်။ သူသည် ငါ့သားဖြစ်မည်။ ငါသည်လည်း သူ့အဖဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်၍ သူ့နိုင်ငံ၏ရာဇပလ္လင်ကိုလည်း ငါတည်မြဲစေမည်’ဟု မိန့်ဆိုပြီ။
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံ၍ ထာဝရဘုရား၏ရာဇပလ္လင်တော်ပေါ်တွင် စံနေသောအခါ သူသည် ထွန်းပေါက်အောင်မြင်ပြီး အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးက သူ့ကို နာခံလေ၏။
ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် အိမ်ဆောက်သောသူတို့သည် အချည်းနှီးကြိုးပမ်းအားထုတ်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင် စောင့်သောသူသည် အချည်းနှီးစောင့်ကြပ်၏။
ထိုဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် သူတို့အား မိသားစုဘဝကိုပေးသနားတော်မူ၏။
ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။