Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 29:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​၍ ထာဝရဘုရား​၏​ရာဇပလ္လင်​တော်​ပေါ်တွင် စံနေ​သောအခါ သူ​သည် ထွန်းပေါက်​အောင်မြင်​ပြီး အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​က သူ့​ကို နာခံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ရှော လ မုန် သည် ခ မည်း တော် ဒါ ဝိဒ် မင်း အ ရိုက် အ ရာ၌ ထာ ဝ ရ ဘု ရား၏ ရာ ဇ ပ လ္လင် ထက် စံ လျက် အာ ဏာ ကြီး မြင့်၍ တစ် မျိုး လုံး နာ ခံ ကြ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 29:23
21 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​ထံ အခစား​ဝင်​၍ ‘​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​က သခင့်​ကျွန်မ​အား “​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​”​ဟု ကျိန်ဆို​ခဲ့​ပြီ​မ​ဟုတ်​လော​။ ယခုမှာ အဒေါနိယ​သည် အဘယ်ကြောင့် မင်း​ဖြစ်​ရ​ပါ​သနည်း​’​ဟု လျှောက်တင်​လော့​။


‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ့​ရာဇပလ္လင်​၊ ငါ့​နေရာ​တွင် စံမြန်း​ရ​မည်​’​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​ခဲ့​သည့်​အတိုင်း ယနေ့​တွင် ဤ​အမှု​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် သင်​တို့​သည် သူ​နှင့်အတူ​ပြန်လိုက်လာ​ရ​မည်​။ သူ​သည် ငါ့​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​မည်​။ ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ယခု သူ့​ကို အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​၏​။


ရှောလမုန်​သည်​လည်း ဘုရင့်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ပါ​ပြီ​။


ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင်​စံမြန်း​၍ သူ့​နိုင်ငံ​သည် တည်မြဲ​လေ​၏​။


ရာတပ်မှူး​များ​၊ ကိုယ်ရံတော်​များ​၊ အစောင့်တပ်သား​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကာ ကင်းစောင့်တံခါး​ရှိ​ရာ​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့ ကြွချီ​စေ​သဖြင့် ရှင်ဘုရင်​သည် ရာဇပလ္လင်​ပေါ်တွင် စံမြန်း​လေ​၏​။


သို့ဖြစ်၍ ငါ့​သား​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​ပါစေသော​။ သင်​သည် အောင်မြင်​သော​သူ ဖြစ်​ပါစေသော​။ သင့်​အား မိန့်​တော်မူ​သည့်​အတိုင်း ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို သင်​တည်ဆောက်​နိုင်​ပါစေသော​။


ထာဝရဘုရား​သည် ငါ့​အား သား​အများအပြား​ကို​ပေး​တော်မူ​၏​။ ထို​သား​အပေါင်း​တို့​ထဲမှ သား​တော်​ရှောလမုန်​ကို ရွေးချယ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​ရန်​အတွက် ထာဝရဘုရား​၏​နိုင်ငံ​တော်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​တော်မူ​၏​။


မှူးမတ်​များ​၊ စစ်သူရဲ​များ​နှင့် ဒါဝိဒ်​မင်းကြီး​၏​သား​တော်​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​ထံ၌ သစ္စာခံ​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​၏​သား​တော် ရှောလမုန်​မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​ကို ခိုင်ခံ့​တည်မြဲ​စေ​၏​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ပါရှိ​ပြီး သူ့​ကို​အထူး​ချီးမြှောက်​တော်မူ​၏​။


ထိုအခါ ရှောလမုန်​မင်းကြီး​က ဘုရားသခင်​အား “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ပြီး အကျွန်ုပ်​အား​လည်း ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပါ​ပြီ​။


ရာတပ်မှူး​များ​၊ မှူးမတ်​များ​၊ ပြည်သူ​တို့​ကို​ကြီးကြပ်​ပေး​မည့်​သူ​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကြ​၍ အထက်​တံခါး​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့​ကြွချီ​စေ​ပြီး တော်ဝင်​ရာဇပလ္လင်​တွင် စံမြန်း​စေ​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို နှစ်ပေါင်း​လေးဆယ် အုပ်စိုး​လေ​၏​။


မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ ရှင်ဘုရင်​အဖြစ်​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။ မင်းကြီး​၏​ဘုရားသခင်​သည် အစ္စရေး​လူမျိုး​ကို​ချစ်​တော်မူ​၍ ထာဝရ​တည်​စေ​လို​သဖြင့် တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​သည် ဒါဝိဒ်​အား သစ္စာ​နှင့်​ကျိန်ဆို​ပြီး ပြန်လည်​ရုပ်သိမ်း​တော်မူ​မည်​မ​ဟုတ်​သော​စကား​မှာ “​ငါ​သည် သင်​မှ​ပေါက်ဖွား​သော​ရင်သွေး​တစ်ဦး​ကို သင်​၏​ရာဇပလ္လင်​ပေါ်​ထိုင်​စေ​မည်​။


ဒါဝိဒ်​၏​သား​တော်​၊ အစ္စရေး​ဘုရင်​၊ ရှောလမုန်​၏​သုတ္တံ​စကား​များ​။


အထက်​အာဏာပိုင်​များ​ကို လူ​တိုင်း​နာခံ​စေ။ အကြောင်းမူကား ဘုရားသခင်​ထံမှ​မ​ဟုတ်​သော​အာဏာ​ဟူ၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာဏာ​များ​သည် ဘုရားသခင်​ခန့်အပ်​တော်မူ​ရာ​ဖြစ်​၏။


မောရှေ​သည် နုန်​၏​သား ယောရှု​အပေါ် လက်တင်​ခဲ့​သောကြောင့် ယောရှု​သည် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​စကား​ကို​နားထောင်​၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ