အာဗြဟံ၏အစေအပါးသည် သူတို့၏စကားကိုကြားလျှင် မြေမှာပျပ်ဝပ်လျက် ထာဝရဘုရားကိုရှိခိုးလေ၏။
၃ ရာ 18:42 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။ Common Language Bible အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊- Garrad Bible ပွဲ တော် တည် ရန် အာ ဟပ် မင်း သွား ရာ ဧ လိ ယ သည် က ရ မေ လ တောင် ထိပ် သို့ တက်၍ မြေ ပေါ် တွင် တုပ် ဝပ် နေ ရာ မှ Judson Bible အာဟပ်သည် စားသောက်ခြင်းငှာတက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့တက်၍၊ မြေ၌ပျပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထားလျက်၊ |
အာဗြဟံ၏အစေအပါးသည် သူတို့၏စကားကိုကြားလျှင် မြေမှာပျပ်ဝပ်လျက် ထာဝရဘုရားကိုရှိခိုးလေ၏။
ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် သူငယ်အတွက် ဘုရားသခင်ထံ တောင်းပန်၏။ ဒါဝိဒ်မင်းကြီးသည် အစာရှောင်လျက် တစ်ညလုံးမြေပြင်ပေါ်တွင် သွား၍လှဲနေ၏။
ထို့နောက် ဧလိယက အာဟပ်မင်းကြီးအား “တက်သွားပြီး စားသောက်ပါလော့။ မိုးသည်းထန်စွာရွာမည့်အသံ ကြားရပြီ”ဟု ဆို၏။
ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။
ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
သရပ်တို့သည် ပလ္လင်တော်၏အထက်၌ရပ်နေကြ၏။ သူတို့တစ်ပါးစီ၌ တောင်ပံခြောက်ခုစီရှိ၍ တောင်ပံနှစ်ခုဖြင့် မျက်နှာကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ခြေကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ပျံသန်း၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
ရှမွေလသည် ထာဝရဘုရားထံ ဆုတောင်းသောအခါ ထိုနေ့တွင် ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကို ရွာသွန်းစေတော်မူသဖြင့် လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြလေ၏။