၂ ရာ 12:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ဒါဝိဒ်မင်းကြီးသည် သူငယ်အတွက် ဘုရားသခင်ထံ တောင်းပန်၏။ ဒါဝိဒ်မင်းကြီးသည် အစာရှောင်လျက် တစ်ညလုံးမြေပြင်ပေါ်တွင် သွား၍လှဲနေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဒါဝိဒ်သည်ထိုကလေးကျန်းမာလာစေရန် ဘုရားသခင်အားဆုတောင်းပတ္ထနာပြု၏။ မင်းကြီးသည်အဘယ်အစားအစာကိုမျှ မစား။ ညစဉ်ညတိုင်းမိမိ၏အခန်းသို့ဝင် ပြီးလျှင် ကြမ်းပြင်ပေါ်တွင်တစ်ညဥ့်လုံးလှဲ လျောင်းလျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ဒါ ဝိဒ် မင်း သည် အ တွင်း ဆောင် သို့ ဝင် ပြီး လျှင်၊ သူ ငယ့် အ တွက် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ လျက် ပွဲ တော် မ သုံး ဘဲ နန်း ကြမ်း ပြင် တွင် တစ် ညဉ့် လုံး လျောင်း လဲ၍ နေ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တစ်ညလုံးမြေပေါ်မှာ အိပ်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။