သူသည် ထီးနန်းရ၍ ရာဇပလ္လင်ပေါ်စံမြန်းသည်နှင့် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးနှင့်တကွ သူ၏ဆွေမျိုးများ၊ မိတ်ဆွေများထဲမှ ယောက်ျားတစ်ယောက်ကိုမျှ မချန်ထားဘဲ သုတ်သင်ပစ်၏။
ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။-
ရာ ဇ ပ လ္လင် တက် ၍ နန်း စံ လျှင် စံ ချင်း ဗာ ရှာ မင်း ၏ ဆွေ တော် မျိုး တော်၊ အ စွယ် အ ပွား ယောက်ျား တစ် ဦး တစ် ယောက် မ ကျန်၊ မင်း မျိုး ဟူ သ မျှ ကို ကွပ် မျက် လေ ၏။
နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကို သတ်၏။ ဗာရှာနှင့် ပေါက်ဖော်တော်သောယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတစ်ယောက်ကိုမျှ မချန်မထား။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ဗာရှာနန်းတက်သောအခါ ယေရောဗောင်မင်းမျိုးမင်းနွယ်ကို သတ်ပစ်လေ၏။ ထာဝရဘုရား၏အစေအပါး ရှိလောမြို့သားအဟိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းမျိုးမင်းနွယ်ကို တစ်ယောက်မျှအရှင်မထားဘဲ သုတ်သင်ပစ်၏။
ဇိမရိဝင်လာ၍ ဧလာမင်းကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်၏။ ထို့ကြောင့် ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် ဧလာမင်းကြီး၏အရိုက်အရာကို ဆက်ခံလေ၏။
ကြည့်ရှုလော့။ ငါသည် ဗာရှာနှင့်သူ့အမျိုးအနွယ်ကို သုတ်သင်ပယ်ရှင်းပစ်မည်။ သူ့အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်။
သင်သည် ငါ့ကို အမျက်ထွက်စေသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောကြောင့် သင့်အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်နှင့် အဟိယ၏သားဗာရှာ၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်’ဟု မိန့်တော်မူပြီ။
အာဟပ်မင်းမျိုးမင်းနွယ်ကို နေဗတ်၏သားယေရောဗောင်မင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း၊ အဟိယ၏သားဗာရှာမင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
အကယ်စင်စစ် သင့်ကိုရန်ပြုမည့်ဘေးမှ ငါ့ကို ဆီးတားတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ သင်သည် ငါ့ကို အလျင်အမြန်လာမတွေ့လျှင် နံနက်မိုးလင်းသောအခါ နာဗလအပါအဝင် ယောက်ျားတစ်ယောက်မျှ ကျန်တော့မည်မဟုတ်”ဟု ဆို၏။