၃ ရာ 15:29 - မြန်မာ့စံမီသမ္မာကျမ်း29 ဗာရှာနန်းတက်သောအခါ ယေရောဗောင်မင်းမျိုးမင်းနွယ်ကို သတ်ပစ်လေ၏။ ထာဝရဘုရား၏အစေအပါး ရှိလောမြို့သားအဟိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းမျိုးမင်းနွယ်ကို တစ်ယောက်မျှအရှင်မထားဘဲ သုတ်သင်ပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible29 ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible29-30 ယေ ရော ဗောင် မင်း ကိုယ် တိုင် ပြစ် မှား ၍ ဣ သ ရေ လ အ မျိုး ကို လည်း ပြစ် မှား စေ သော ပြစ် မှု များ ကြောင့် လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် သော ကြောင့် လည်း ကောင်း၊ ရှိ လော မြို့ နေ ကျွန် တော် ရင်း အ ဟိ ယ အား ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ဗာ ရှာ မင်း နန်း တက် လျှင် တက် ချင်း ယေ ရော ဗောင် မင်း နှင့် တော် စပ် သော ဇီ ဝ သက် ရှိ တစ် ယောက် မ ကျန်၊ မင်း မျိုး ဟူ သ မျှ ကို ကွပ် မျက် သုတ် သင် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မီတိုင်အောင်၊ အသက်ရှူသောသူ တစ်ယောက်ကိုမျှ မချန်မထား။ အခန်းကိုကြည့်ပါ။ |
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။